Myanmar Mathematics Olympiad

Myanmar Mathematics Olympiad (MMO) 
 
၂၀၂၂ -၂၀၂၃ ပညာသင်နှစ်မှ စတင်၍ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်သော အမေရိကန်နိုင်ငံ၊ California ပြည်နယ်ရှိ Berkeley University (UC Berkeley) မှ သင်္ချာဌာနနှင့် လက်တွဲ၍ ကျင်းပသော Myanmar Mathematics Olympiad (MMO ) ပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ စောင့်မျှော်နေကြတဲ့ ကျောင်းသူ/သားများအတွက် စက်တင်ဘာလတွင် ထပ်မံကျင်းပပေးတော့မှာဖြစ်ပါတယ်။
 
T & H Maths Center မှ MMO ပြိုင်ပွဲကို ပြုလုပ်ပေးခဲ့သည်မှာ ယခုအကြိမ်နှင့်ဆိုရင် စတုတ္ထအကြိမ်မြောက်သို့‌ရောက်ရှိနေပြီပဲဖြစ်ပါတယ်။ MMO ပြိုင်ပွဲသည် နိုင်ငံတကာအဆင့်မေးခွန်းများနဲ့အတူ အခြေခံ သင်္ချာအရည်အသွေး ၆ ခု ကို အကောင်းမွန်ဆုံး အကဲဖြတ်ပေးပြီး ကျောင်းသား/သူများရဲ့ အားသာချက်၊ အားနည်းချက်များကို ဖြည့်ဆည်းသင်ကြားပေးဖို့အတွက် အဆင်ပြေစေတဲ့ ပြိုင်ပွဲတစ်ခုလည်းဖြစ်ပါတယ်။
 
Myanmar Mathematics Olympiad (MMO) ပြိုင်ပွဲကို Online Platform ဖြင့်ဖြေဆိုရမှာဖြစ်ပြီး ဖြေဆိုသူကျောင်းသား၊ ကျောင်းသူများအတွက် စာရင်းပေးသွင်းခြင်း၊ ဖြေဆိုခြင်း၊ ရမှတ်တွက်ချက်ခြင်း၊ 📃 Certificate ထုတ်ဝေခြင်း (Email မှတဆင့် ပို့ဆောင်ပေးခြင်း) စသည့် ကိစ္စရပ်များကို Online Contest System ဖြင့် ထိန်းချုပ်ပေးသွားမှာဖြစ်ပါတယ်။
 
📃 Myanmar Mathematics Olympaid (MMO) ပြိုင်ပွဲ မှာ ဖြေဆိုသူ အားလုံးရဲ့
 
🥇🥇🥇 8% ကို ရွှေ
🥈🥈🥈 10% ကို ငွေ
🥉🥉🥉 12% ကို ကြေး အဖြစ် သတ်မှတ်ထားပါတယ်။
 
ဆုရရှိသူများကို E - Certificate ( Email မှတဆင့် ပို့ဆောင်ပေးခြင်း ) နှင့် ဆုတံဆိပ်များကို ချီးမြှင့် ပေးသွားမှာဖြစ်ပါတယ်။ ဆုတံဆိပ်ကို Delivery ဖြင့်ယူဆောင်မည်ဆိုပါက မြို့နယ်အလိုက် ကုန်ကျစရိတ်ကို မိဘဘက်မှ ပေးဆောင်ရမည် ဖြစ်ပါတယ်။
 
📜 မေးခွန်းပုံစံ
◼ 25 MCQ (3 points each, 75 points)
📌 မှတ်ချက်။ ။ ယခုနှစ် MMO Minus System မပါဝင်ပါ။
 
🟥 အတန်းသတ်မှတ်ပုံ
◼  Government and Private Schools, International Schools တို့ တွင်တက်ရောက်နေသောကျောင်းသား/သူများအနေနဲ့ လက်ရှိတက်ရောက်နေသောအတန်း * Current GRADE * နဲ့သာ ဖြေဆိုရမှာဖြစ်ပါတယ်။
◼ ယှဉ်ပြိုင်နိုင်မည့်ကျောင်းသူ/သားများ - Grade-1 to Grade-10
 
🔹ကျောင်းသားမိဘများအနေနဲ့ ဖြေဆိုရမည့်အတန်းကို ရွေးချယ်ပေးရာတွင် ပြိုင်ပွဲတွင် ဆုရရှိဖို့တစ်ခုတည်းအတွက်မဟုတ်ပဲ ကျောင်းသား/သူတို့ရဲ့ သင်္ချာစွမ်းရည်ကို တိုးတက်ကောင်းမွန်စေနိုင်မည့် အတန်းကိုရွေးချယ် ဖြေဆိုပေးဖို့ကိုလည်း အကြံပြုအပ်ပါတယ်ရှင်။