MMO 2022 RESULT

✨ Congratulations Myanmar Mathletes!!! ✨
 
🎉 စက်တင်ဘာလ ၁၁ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Myanmar Mathematics Olympiad 2022 ( MMO 2022 ) ပြိုင်ပွဲကြီးကိုအားကြိုးမာန်တက် ဝင်ရောက်ဖြေဆိုခဲ့ကြပြီးဆုရရှိခဲ့ကြတဲ့ ထူးချွန်ကျောင်းသူ၊ ကျောင်းသားများစာရင်း ပေါ်ထွက်လာပြီဖြစ်ပါတယ်။
 
💁‍♂️ MMO ပြိုင်ပွဲကြီးရဲ့ အဓိကရည်ရွယ်ချက်မှာ ပြိုင်ပွဲတွင် ဆုရရှိဖို့ထက် သင်္ချာဘာသာရပ်အပေါ် ပိုမိုစိတ်ဝင်စားပြီး သင်္ချာဘာသာရပ်ကို ချစ်မြတ်နိုးတတ်လာဖို့ပဲ ဖြစ်ပါတယ်။
 
🥰 MMO 2022 ပြိုင်ပွဲကြီးမှာ Perfect Scorer ဆုအဖြစ် အမှတ်ပြည့်ရရှိသူ ၁ ဦးလည်း ပေါ်ထွက်လာတာဖြစ်လို့ အဆိုပါကျောင်းသားအတွက်ကိုလည်း ဝမ်းသာဂုဏ်ယူမိပါတယ်။
 
📧 Perfect scorer နှင့် ရွှေ၊ငွေ၊ကြေး ရရှိခဲ့ကြသော ထူးချွန်ကျောင်းသားများကို Enrollment ဖောင်တွင်ဖြည့်စွက်ထားသော E-mail များသို့ October လကုန်မှ စတင်ကာ E - Certificate ပေးပို့သွားမှာ ဖြစ်ပြီး 🥇 လည်ဆွဲဆုတံဆိပ်များပေးပို့မည့်ရက်ကို Page တွင်ပြန်လည်ကြေငြာပေးသွားမှာဖြစ်ပါတယ် ခင်ဗျာ။