T & H Maths Centre (Team/2021)

၂၀၂၁ ခုနှစ်အတွင်း T & H Maths Centre ၏ လုပ်ငန်းများ အောင်မြင် ချောမွေ့စွာ လည်ပတ်စေခဲ့သည့် ကဏ္ဍအသီးသီးမှ ဌာနများအကြောင်းနှင့် ဌာနတစ်ခုစီမှ T & H Maths Centre မိသားစုဝင်များအား အမှတ်တရ မိတ်ဆက်ဖော်ပြပေးသွားမည်ဖြစ်ပါသည်။

Olympiad Department

နိုင်ငံတကာ သချင်္ာအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ မြန်မာနိုင်ငံမှ ကျောင်းသူ၊ ကျောင်းသားများအတွက် နိုင်ငံတကာ သချင်္ာပြိုင်ပွဲများ ကျင်းပပေးခြင်း၊ T & H Maths Centre ၏ မိတ်ဖက်ကျောင်းများနှင့် ပူးပေါင်း၍ နိုင်ငံတကာ သချင်္ာပြိုင်ပွဲများအကြောင်းကို ကျောင်းသူ၊ ကျောင်းသားများနှင့် မိဘများပိုမိုသိရှိစေရန်အတွက် မြန်မာနိုင်ငံအနှံ့ အသိပညာပေးဟောပြောပွဲများ ကျင်းပပေးခြင်း၊ နိုင်ငံတကာ သချင်္ာပြိုင်ပွဲများတွင် မြန်မာကျောင်းသူ၊ ကျောင်းသားများ အောင်မြင်မှုပိုမိုရရှိစေရန် အကြိုလေ့ကျင့်ရေး သင်တန်းများဖွင့်လှစ်သင်ကြားပေးခြင်းနှင့် ပုံမှန်သင်တန်းများ သင်ကြားပို့ချပေးခြင်း၊ မြန်မာနိုင်ငံအနှံ့မှ ဆရာ၊ ဆရာများအတွက် Olympiad Teachers’ Training သင်တန်းများ မျှဝေသင်ကြားပေးခြင်းများကို ဆောင်ရွက်ပေးနေသော ဌာနဖြစ်သည်။

Image
Image

Admission & Technology Department

T & H Maths Centre မှ စီစဉ်သည့် သင်တန်းများတွင် သင်တန်း ဝင်ခွင့်စစ်ဆေးခြင်း နှင့် သင်တန်းသားလက်ခံခြင်း အစီအစဉ်များ၊ Olympiad သင်တန်းနှင့် စာမေးပွဲဖြေဆိုခွင့်လက်ခံခြင်းများ၊ Online တွေဆုံပွဲများ၊ Online နည်းပညာဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်ပါသည်။ ကျောင်းသား/ကျောင်းသူများ အဆင်ပြေချောမွေ့စွာ သင်တန်းတက်ရောက် သင်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ပေးနေသော ဌာနတစ်ခုဖြစ်ပါသည်။
ကျောင်းသားစာရင်းအချက်အလက်များကို စနစ်တကျ စီမံညွှန်ကြား လုပ်ဆောင်နေသော ဌာနတစ်ခုလည်း ဖြစ်ပါသည်။
Image
Image
Image