အိမ်မှာနေရင်း နိုင်ငံတကာသင်္ချာတွေကို ကိုယ်တိုင်လေ့လာကြရအောင်။

အမေရိကန်နိုင်ငံရဲ့ပညာရေးမှာအကြီးဆုံး Website ဖြစ်တဲ့ www.ixl.com မှာ မေးခွန်းပေါင်းမြောက်မြားစွာကို ကြိုက်နှစ်သက်တဲ့အချိန်မှာ ကိုယ်တိုင်ဝင်ရောက်လေ့လာနိုင်မယ့်အခွင့်အရေးကြီးပြန်လည်ရောက်ရှိလာပါပြီနော်။

ဒီ website မှာ သချာင်္အတွက်ဆို Pre KG အတန်းအတွက် သင်ခန်းစာ ခေါင်းစဉ်ပေါင်း 91 ခု၊ KG အတွက် 231 ခု၊ G1 အတွက် 245 ခု၊ G2 အတွက် 296 ခု၊ G3 အတွက် 383 ခု၊ G4 အတွက် 391 ခု၊ G5 အတွက် 431 ခု၊ G6 အတွက် 392 ခု၊ G7 အတွက် 353ခု၊ G8 အတွက် 378 ခု၊ G9 အတွက် 358 ခု၊ G10 အတွက် 259 ခု၊ G11 အတွက် 341 ခု၊ G12 အတွက် 271 ခု…စုစုပေါင်း လေ့လာသင်ယူနိုင်တဲ့ သင်ခန်းစာ ခေါင်းစဉ်ခွဲ အရေ အတွက် 4400 ကျော်ကို ဝင်ရောက်လေ့ကျင့်နိုင်မှာဖြစ်ပါတယ်။

ကျောင်းသားတွေအတွက် website မှာ ဝင်ရောက်လေ့လာဖို့ဆိုရင်တော့ ဒါလေးတွေလိုအပ်ပါတယ်။

🔹 email လိပ်စာ တစ်ခုခု 📧
🔹 အင်တာနက် တွဲဖက် အသုံးပြုလို့ရတဲ့ Phone (or) Tablet (or) Laptop တစ်ခုခု 📱💻 ဖြစ်ပါတယ်။